Featured Video Play Icon

လူတွဲမှားခဲ့တဲ့ပွဲ

မွေထိုင်းလောကရဲ့အထင်ကရပွဲတွေမှာ ချန်ပီယံဟောင်းဖြစ်ခဲ့သူ ဝမ်ချလွန်ဟာ မြိုင်ကြီးငူအရောက်မှာတော့ ရွှေဘားလားမှ ရဲမင်းနိုင်ကို ပြတ်ပြတ်သားသား လုပ်ပြသွားပါတယ်။ ဆက်ပြီးတော့ ကျုံဒိုးမီးပုံပွဲတော်မှာလည်း သပြေညိုကို အလဲထိုးနိုင်ခဲ့သူဟာ ဝမ်ချလွန်ပါပဲ။ လက်ဝှေ့သမားတွေရဲ့ တိုက်စစ်ကြမ်းကြမ်းကို သွေးအေးတဲ့လှုပ်ရှားမှုတွေနဲ့ ခံစစ်ကာစစ် လုံခြုံတဲ့ပညာသည်ပါ။ အလွန်အကျွံဝင်ထိုးတတ်သူများရဲ့ အမှားအကျကို အကွက်စောင့်ပြီး အောက်ပြအပေါ်ကန်ဗျူဟာနဲ့ ရဲမင်းနိုင်ကို အနိုင်ပိုင်းလိုက်ပါတယ်။ သတ္တိကောင်းတဲ့ ရဲမင်းနိုင်ကတော့ အစောပိုင်းကတည်းက အနားတောင်းထားရပေမယ့် မဆုတ်မနစ် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ချက်ကောင်းထိတဲ့ မွေထိုင်းရဲ့ကန်ချက် ဒုတိယအကြိမ်ထိအပြီးမှာ အရှုံးဆိုတဲ့ အတွေ့အကြုံတခုက ခါးသီးခဲ့ပါပြီ