Featured Video Play Icon

စောဘဟိန်းရဲ့ကြံ့ကြံ့ခံတိုက်စစ်

တိကျသေသပ်တဲ့ကန်ချက်တွေရှိပေမယ့် ကောင်တာစောင့်ထိုးဖို့သာရည်ရွယ်မှုများနေတဲ့ မွေထိုင်းကို ဘိလပ်မြေစက်ရုံကလပ်မှစောဘဟိန်းက အတင်းဝင်ထိုးခဲ့ပါတယ်။ ဒါကြောင့်လည်း မျက်နှာထိမခံတဲ့ ဒိုလီမွန်တယောက် ခပ်စောစောပဲ အနားတောင်းလိုက်ရပါတယ်။ ရွက်ကုန်ဖွင့်ခဲ့တဲ့ တိုက်စစ်ကြမ်းကြမ်းလက်ဝှေ့သမား စောဘဟိန်းတယောက်လည်း မသက်သာပါဘူး။ အနားတောင်းရာမှ ပြန်ထလာနိုင်တဲ့ မွေထိုင်းရဲ့နာမည်ကျော်ခြေကန်ချက်တွေအောက်မှာ ကြံ့ကြံ့ခံရင်း ပွဲကြီးတပွဲကိုဖြတ်သန်းခဲ့ပါတယ်။