ပရိသတ်မပါတဲ့မြန်မာပြည်ရဲ့ ပထမဆုံးလက်ဝှေ့ပွဲဖြစ်လာတော့မလား

ကိုဗစ်နိုင်တင်းဂယက်ကြောင့် သုံးပေအကွာ ခြောက်ပေအကွာစသဖြင့် Social Distancing လူနေမှုပုံစံအသစ် ပေါ်ထွက်လာခဲ့ပါပြီ။
ကမ္ဘာ့ဆေးပညာရှင်များရဲ့ တရားဝင်ထုတ်ပြန်ချက်နှင့်အတူ အဆိုပါဗိုင်းရပ်စ်ကာကွယ်ကုသဆေး မပေါ်လာမချင်း ဘယ်အထိ ကျနော်တို့ ခုလိုနေထိုင်သွားရတော့မလဲ။ လူစုလူဝေးနဲ့ကျင်းပရတဲ့ ဘောလုံးပွဲလက်ဝှေ့ပွဲတွေလည်း မြန်မာပြည်မှာမကျင်းပရတာ အတန်ကြာမြင့်ခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံများမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအပေါ် တားဆီးကာကွယ်ထိန်းချုပ်မှုအစီအစဉ်များကြောင့် ကျင်းပလုလုပွဲစဉ်ကို ပထမဆုံး ရက်ရွှေ့ပြောင်းလိုက်ရတဲ့ ပြည်တွင်းအဖွဲ့အစည်းကတော့ World Lethwei Championship ပါပဲ။ 2020 ခုနှစ်ရဲ့ ဒုတိယပွဲစဉ်အဖြစ် February မှာကျင်းပမယ့် Khmer Kingdom ကို အစီအစဉ်ရုပ်သိမ်း ရက်ရွှေ့ခဲ့ရတာပါ။

တနှစ်လျှင် ပြိုင်ပွဲ(၅)ပွဲကျင်းပလေ့ရှိတဲ့ WLC ဟာ 2020 ခုနှစ်အတွက်ဆိုရင် ဇန်နဝါရီလ(၃၁) ရက်နေ့ကပြီးစီးခဲ့တဲ့
Battlebones ပွဲစဉ်တပွဲသာလျှင် ကျင်းပရပါသေးတယ်။ အခုတော့ လက်ဝှေ့ပွဲတွေ ပြန်လည်ကျင်းပနိုင်ဖို့ အစီအစဉ်ရေးဆွဲနေကြပါပြီ။
လူစုလူဝေးပွဲတွေ ခွင့်မပြုသေးချိန်မှာ လက်ဝှေ့ပွဲကို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? ပရိသတ်မပါဘဲ ရုပ်သံထုတ်လွှင့်မှု အဓိကထားပြီး ကျင်းပသွားဖို့ ဖြစ်နိုင်ချေရှိနေပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကတော့ အဓိကကျနေဦးမှာပါ။ ခွင့်ပြုချက်ကိုမူတည်ပြီး ကြိုးစားစီစဉ်ရမှာဖြစ်လို့
ဘယ်လိုပွဲပုံစံမျိုး ဖြစ်လာနိုင်သလဲဆိုတာတော့ WLC လက်ဝှေ့ပရိသတ်နှင့်အတူ MLC ကလည်း စောင့်ကြည့်အားပေးရဦးမှာပါ။
မန္တလေးမှာ Battlebones ပွဲစဉ်အပြီး WLC-12 လို့ဆိုနိုင်မယ့် 2020 ခုနှစ်အတွက် ဒုတိယပွဲစဉ်ကြီးကိုတော့ စက်တင်ဘာလကို ပြောင်းရွှေ့ထားလိုက်ပါတယ်။ယခုလို ပရိသတ်မပါသည်ဖြစ်စေ ပါသည်ဖြစ်စေ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ကျင်းပဖို့ရှိနေတဲ့ ပွဲကတော့ ရန်ကုန်မြို့မှာပဲ ဖြစ်နိုင်ဦးမှာပါ။

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် Stay at home ကာလရှည်ကြီးထဲမှာမွန်းကျပ်နေကြတဲ့ ပြည်တွင်းပြည်ပ တိုက်ခိုက်ရေးသမားအားလုံးဟာ ပွဲစဉ်တွေကို ငံ့လင့်နေကြပါတယ်။
အထူးသဖြင့် WLC ရဲ့ခရူဇာဝိတ်တန်းချန်ပီယံ ဒေ့ဗ်ဟာဆိုရင် မွေထိုင်းထိပ်သီးများနဲ့ရင်ဆိုင်ခွင့်ရဖို့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပွဲဆူခဲ့ပါသေးတယ်။ WLC အနေနဲ့ မေလအတွင်းက စာချုပ်ချုပ်ယူနိုင်ခဲ့တဲ့ ဆွီဒင်တိုက်ခိုက်ရေးသမား “ မက်သီးယပ်ဂျွန်ဆင်” နှင့် ဩစတြေးလျရောက် မြန်မာတိုင်းရင်းသား
“ ထောမွန်အောင်” တို့နှစ်ဦးဆိုရင်လည်း သူတို့ရဲ့ ပထမဆုံးဖြစ်လာမယ့် WLC ပြိုင်ပွဲများအတွက် စိတ်လှုပ်ရှားတက်ကြွနေမှာ အသေအချာပါ။
ဘယ်သူတွေ ဘယ်သူနဲ့ဆုံလို့ဖြင့် ရင်ခုန်စိတ်လှုပ်ရှားစရာ ကမ္ဘာ့အဆင့်မီ WLC ပွဲတွေ မြင်ရတော့မှာလား။

ဘယ်တိုက်ခိုက်ရေးသမားကောင်းတွေက အိမ်တွင်းပုန်းရက်တွေကို အကောင်းဆုံးအသုံးချ လေ့ကျင့်နိုင်ခဲ့ကြသလဲ
ဒါကိုအတိအကျအဖြေထုတ်ပေးတော့မယ့် WLC -12 ပွဲစဉ်ကတော့ မြင်သာထင်သာရှိလာဖို့ မျှော်နေရဦးမှာပဲ ဖြစ်ကြောင်းပါခင်ဗျား
photo credit >>> WLC.COM.MM

—————————-(zawgyi)———-

ကိုဗစ်နိုင်တင်းဂယက်ကြောင့် သုံးပေအကွာ ခြောက်ပေအကွာစသဖြင့် Social Distancing လူနေမှုပုံစံအသစ် ပေါ်ထွက်လာခဲ့ပါပြီ။
ကမ္ဘာ့ဆေးပညာရှင်များရဲ့ တရားဝင်ထုတ်ပြန်ချက်နှင့်အတူ အဆိုပါဗိုင်းရပ်စ်ကာကွယ်ကုသဆေး မပေါ်လာမချင်း ဘယ်အထိ ကျနော်တို့
ခုလိုနေထိုင်သွားရတော့မလဲ။ လူစုလူဝေးနဲ့ကျင်းပရတဲ့ ဘောလုံးပွဲလက်ဝှေ့ပွဲတွေလည်း မြန်မာပြည်မှာမကျင်းပရတာ အတန်ကြာမြင့်ခဲ့ပါပြီ။ကမ္ဘာ့နိုင်ငံများမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအပေါ်တားဆီးကာကွယ်ထိန်းချုပ်မှုအစီအစဉ်များကြောင့် ကျင်းပလုလုပွဲစဉ်ကို ပထမဆုံး
ရက်ရွှေ့ပြောင်းလိုက်ရတဲ့ ပြည်တွင်းအဖွဲ့အစည်းကတော့ World Lethwei Championship ပါပဲ။ 2020 ခုနှစ်ရဲ့ ဒုတိယပွဲစဉ်အဖြစ် February မှာကျင်းပမယ့်
Khmer Kingdom ကို အစီအစဉ်ရုပ်သိမ်း ရက်ရွှေ့ခဲ့ရတာပါ။

တနှစ်လျှင် ပြိုင်ပွဲ(၅)ပွဲကျင်းပလေ့ရှိတဲ့ WLC ဟာ 2020 ခုနှစ်အတွက်ဆိုရင် ဇန်နဝါရီလ(၃၁) ရက်နေ့ကပြီးစီးခဲ့တဲ့
Battlebones ပွဲစဉ်တပွဲသာလျှင် ကျင်းပရပါသေးတယ်။ အခုတော့ လက်ဝှေ့ပွဲတွေ ပြန်လည်ကျင်းပနိုင်ဖို့ အစီအစဉ်ရေးဆွဲနေကြပါပြီ။
လူစုလူဝေးပွဲတွေ ခွင့်မပြုသေးချိန်မှာ လက်ဝှေ့ပွဲကို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? ပရိသတ်မပါဘဲ ရုပ်သံထုတ်လွှင့်မှု အဓိကထားပြီး ကျင်းပသွားဖို့ ဖြစ်နိုင်ချေရှိနေပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကတော့ အဓိကကျနေဦးမှာပါ။ ခွင့်ပြုချက်ကိုမူတည်ပြီး ကြိုးစားစီစဉ်ရမှာဖြစ်လို့
ဘယ်လိုပွဲပုံစံမျိုး ဖြစ်လာနိုင်သလဲဆိုတာတော့ WLC လက်ဝှေ့ပရိသတ်နှင့်အတူ MLC ကလည်း စောင့်ကြည့်အားပေးရဦးမှာပါ။
မန္တလေးမှာ Battlebones ပွဲစဉ်အပြီး WLC-12 လို့ဆိုနိုင်မယ့် 2020 ခုနှစ်အတွက် ဒုတိယပွဲစဉ်ကြီးကိုတော့ စက်တင်ဘာလကို ပြောင်းရွှေ့ထားလိုက်ပါတယ်။
ယခုလို ပရိသတ်မပါသည်ဖြစ်စေ ပါသည်ဖြစ်စေ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ကျင်းပဖို့ရှိနေတဲ့ ပွဲကတော့ ရန်ကုန်မြို့မှာပဲ ဖြစ်နိုင်ဦးမှာပါ။

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် Stay at home ကာလရှည်ကြီးထဲမှာမွန်းကျပ်နေကြတဲ့ ပြည်တွင်းပြည်ပ တိုက်ခိုက်ရေးသမားအားလုံးဟာ ပွဲစဉ်တွေကို ငံ့လင့်နေကြပါတယ်။ အထူးသဖြင့် WLC ရဲ့ခရူဇာဝိတ်တန်းချန်ပီယံ ဒေ့ဗ်ဟာဆိုရင် မွေထိုင်းထိပ်သီးများနဲ့ရင်ဆိုင်ခွင့်ရဖို့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပွဲဆူခဲ့ပါသေးတယ်။
WLC အနေနဲ့ မေလအတွင်းက စာချုပ်ချုပ်ယူနိုင်ခဲ့တဲ့ ဆွီဒင်တိုက်ခိုက်ရေးသမား “ မက်သီးယပ်ဂျွန်ဆင်” နှင့် ဩစတြေးလျရောက် မြန်မာတိုင်းရင်းသား
“ ထောမွန်အောင်” တို့နှစ်ဦးဆိုရင်လည်း သူတို့ရဲ့ ပထမဆုံးဖြစ်လာမယ့် WLC ပြိုင်ပွဲများအတွက် စိတ်လှုပ်ရှားတက်ကြွနေမှာ အသေအချာပါ။ဘယ်သူတွေ ဘယ်သူနဲ့ဆုံလို့ဖြင့် ရင်ခုန်စိတ်လှုပ်ရှားစရာ ကမ္ဘာ့အဆင့်မီ WLC ပွဲတွေ မြင်ရတော့မှာလား။