ဇန္နဝါရီလ ၂၉ ရက်နေ့ ည (၉)နာရီအချိန်မှာ ပေးအပ်ဂုဏ်ပြုမယ့် အစီအစဉ်ကို Canal+ ကထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ ပရိသတ်ဗုတ်တင်းများနှင့်ရွေးတဲ့ဆု (၁၁) အဆုအပြင် WLC ကပေးအပ်တဲ့ ဂုဏ်ပြုဆု (၆)ဆုလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်နေပါတယ်။ ဒီဆုများအတွက် ဘယ်သူက Winner အသီးသီးဖြစ်မလဲဆိုတာ မသိခင် ပဏာမရွေးချယ်ခံထားရသူများကို တင်ဆက်ဖော်ထုတ်ပေးလိုက်ပါတယ်။ WLC ရဲ့ပွဲကြီးပွဲကောင်း (၃)ပွဲအတွင်းမှ အကောင်းဆုံး အခိုက်အတန့်များကို ပြန်လည်ခံစားလိုက်ဖို့ သင့်ပါတယ်။ လက်ဝှေ့ဂန္ထဝင်ဆုကိုရော ဘယ်သူက ဆွတ်ခူးရရှိသွားမလဲ သိချင်စရာပါ။ ပဏာမရွးချယ်ခံထားရသူများက တွေ့မရှောင်၊ စောငမန်း၊ ထွန်းထွန်းမင်း၊ ဝင်းထွန်း၊ စိုးမိုးဟိန်း တို့ဖြစ်ကြပါတယ်။ ဂုဏ်သိက္ခာထူးခြားမယ့် တစ်နှစ်တာတွင်း အကောင်းဆုံး လက်ဝှေ့သမားကရော ဘယ်သူဖြစ်နိုင်ပါသလဲ။ ရင်ခုန်ကြည့်ကြရအောင်ပါ။
