ရွှေကုက္ကိုလ်ကလာခဲ့တဲ့ ရွှေခြူးအောင်ရဲ့ တကျော့ပြန်ခရီးမှာ ဦးစွာ စောင့်ကြိုယှဉ်ပြိုင်ခဲ့ရသူကတော့ သုံးပန်လှက အားထားလူငယ် ဘဂျမ်းဖြစ်ပါတယ်။ စီနီယာရဲ့ နာမည်တလုံးနှင့် ဖိန့်လုံးလှန့်လုံး အယောင်ပြရိပ်တွေကြားမှာ ဘဂျမ်းတယောက် ပုံမှန်လက်ရည်ပျောက်ဆုံးနေခဲ့ပါတယ်။ ကြမ်းကြမ်းရမ်းရမ်းဆိုင်ထိုးတတ်သူ ရွှေခြူးအောင်ရဲ့ ဝင်တိုးအား အလဲအထပ်သတ္တိကို ဘဂျမ်းတယောက် သတိထားနေခဲ့ရတာမို့ သုံးမိနစ်နှစ်ချီပွဲက ကြည့်မဝစရာပါပဲ။ သူ့ထက်ဝါနုတဲ့ ဘဂျမ်းကို ရွှေခြူးအောင်ကတော့ အတင်းဝင်အတင်းထိုး ပြန်ထွက် သွက်သွက်လက်လက် ကစားအားလက်ကျန်ကိုပြသွားပါတယ်။ ဇန္နဝါရီလ (၂၀) ရက်၊ ဘားအံမှာကျင်းပပြုလုပ်ခဲ့တဲ့ ကရင်ပြည်နယ်လက်ဝှေ့အစည်းအရုံးဥက္ကဋ္ဌ အဖိုးမန်းခင်အောင်ရဲ့ အသက်(၇၀) ပြည့်မွေးနေ့ကတော့ ထုံးစံအတိုင်း လက်ဝှေ့သမားလေးတွေနဲ့ လုံးလုံးထွေထွေး ချစ်ချစ်ခင်ခင်ရှိခဲ့ပါတယ်။
