WORLD LETHWEI AWARDS

ဇန္နဝါရီ (၂၉) ရက်မှာ Winner အသီးသီးပေါ်ထွက်လာတော့မှာဖြစ်ပြီး မြန်မာပရိသတ်များအတွက် စိတ်ဝင်စားစရာဆုတဆုကတော့ LEGEND of the Year “ဂန္ထဝင်ကစားသမားဆု” ပဲဖြစ်ပါတယ်။ ဒီဆုကို ပရိသတ်ရဲ့ voting စနစ်ဖြင့်ရွေးချယ်ပေးအပ်တာဖြစ်ပြီး ဆန်ကာတင်လူစာရင်းကတော့ တွေ့မရှောင်၊ စောငမန်း၊ ထွန်းထွန်းမင်း၊ ဝင်းထွန်း၊ စိုးမိုးဟိန်း ဖြစ်ပါတယ်။ နောက်ထပ် ပရိသတ်စိတ်ဝင်တစား စောင့်ကြည့်ရမယ့် Winner ဆုတဆုကတော့ Myanmar Fighter of the Year ” တနှစ်တာအကောင်းဆုံး မြန်မာလက်ဝှေ့သမားဆု” ဖြစ်နေမယ်ထင်ပါတယ်။ ဒီဆုအတွက် ဆန်ကာတင်လူစာရင်း ထွက်ရှိလာတာကတော့ တူးတူး၊ စိုးလင်းဦး၊ ဖျံသွေး၊ သွေးသစ်ဝင်းလှိုင်၊ ရွှေရာမာဉ် တို့ပါပဲ။ ပရိသတ်တို့ရေ ဘယ်သူတွေက အထက်ပါဂုဏ်ပြုဆုများကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်သွားနိုင်ပါသလဲ ခန့်မှန်းယူဆရင်း ဇန္နဝါရီ (၂၉) ရက်နေ့ ရလာဒ်များကို စောင့်မျှော်ကြရပါဦးမည်။ WORLD LETHWEI AWARDS ဂုဏ်ပြုဆု စာရင်းအသေးစိတ်ကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
World Lethwei Championship (WLC) မှချီးမြှင့်မယ့် 2020 ခုနှစ်အတွက် အကောင်းဆုံးဂုဏ်ပြုဆုများ ချီးမြှင့်ပွဲကို ဇန္နဝါရီလ ၂၉ ရက်နေ့ ည (၉)နာရီမှာ Canal+ Sports ရုပ်သံလိုင်းနှင့် myCANAL application တို့ကနေ ထုတ်လွှင့်ပြသသွားမယ်လို့ သိရှိရပါတယ်။ 2020 ခုနှစ်အတွင်းမှာ WLC ကစီစဉ်ကျင်းပခဲ့တဲ့ လက်ဝှေ့ပွဲများကတော့ ” BATTLEBONES” ” HIDEOUTBATTLE” “LETHWEISHOWCASE” တို့ဖြစ်ကြပါသည်။ အဆိုပါ 2020 World Lethwei Awards ဆုပေးပွဲမှာ ပရိသတ်များရဲ့ voting စနစ်ဖြင့်ရွေးချယ်သော ဂုဏ်ပြုဆုက (၁၁) ဆုဖြစ်ပြီး WLC က စီစဉ်ပေးအပ်တဲ့ဆုက (၆) ဆုပါဝင်ပါတယ်။ ပရိသတ်ရဲ့ Voting ဖြင့်ရွေးချယ်မယ့်ဆုများကတော့
(၁) တစ်နှစ်တာအကောင်းဆုံးအလဲထိုးအနိုင်ရဆု
(၂) ပွဲစဉ်တပွဲတွင်း အကောင်းဆုံးတကျော့ပြန်လက်ဝှေ့သမားဆု
(၃) တနှစ်တာတွင်း အတိုးတက်ဆုံးလက်ဝှေ့သမားဆု
(၄) တနှစ်တာအကောင်းဆုံး မျက်နှာသစ်လက်ဝှေ့သမားဆု
(၅) တနှစ်တာအကောင်းဆုံး နိုင်ငံခြားသားလက်ဝှေ့သမားဆု
(၆) ဂန္ထဝင်ကစားသမားဆု
(၇) တနှစ်တာအကောင်းဆုံး မြန်မာလက်ဝှေ့သမားဆု
(၈) ထင်ကြေးပြောင်းပြန်ဖြစ်စေခဲ့တဲ့ တနှစ်တာအကောင်းဆုံးလက်ဝှေ့သမားဆု
(၉) တနှစ်တာအကောင်းဆုံး အမျိုးသမီးလက်ဝှေ့သမားဆု
(၁၀)တနှစ်တာအကောင်းဆုံး လက်ဝှေ့သမားဆု
(၁၁) တနှစ်တာအကောင်းဆုံး လက်ဝှေ့တွဲဆိုင်းဆု တို့ဖြစ်ကြပါသည်။
WLC မှစဦစဉ်ပေးအပ်တဲ့ ဆု(၆) ဆုကိုဖော်ပြရရင်တော့
(၁) အကောင်းဆုံးနည်းပြဆု
(၂) အကောင်းဆုံးမြန်မာကြိုးဝိုင်းဒိုင်ဆု
(၃) အကောင်းဆုံးနိုင်ငံခြားသားဒိုင်ဆု
(၄) အကောင်းဆုံးဂျာနယ်လစ်ဆု
(၅) အကောင်းဆုံးအောင်ပွဲခံဆု
(၆) အကောင်းဆုံးပွဲစဉ်ဆု တို့ဖြစ်ကြသည်။