Featured Video Play Icon

တောင်ကလေး ကရင်နှစ်သစ်ကူး ရိုးရာမြေဝိုင်းလက်ဝှေ့ပွဲ (13.1.2021)

ကမ္ဘာ့ကပ်ရောဂါရဲ့ အကျိုးဆက်တွေကတော့ ဘယ်အထိ ရှေ့ဆက်ရိုက်ခတ်နေဦးမယ်ဆိုတာ မခန့်မှန်းနိုင်အောင်ပါပဲ။ ဒီမနက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ကျင်းပတဲ့ (၂၉)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် လက်ဝှေ့ပွဲကတော့ ပုံမှာမြင်တဲ့အတိုင်းပါပဲ။ ရိုးရာမပျက်စေရန် ရည်သန်ပြီးတော့ မြေဝိုင်းကလေးပွဲကိုသာ ဖြစ်စေရုံသက်သက် ကျင်းပလိုက်ပါတယ်။ တောင်ကလေးလက်ဝှေ့ကျော် နာမည်ကြီးရဲသွေးနီကတော့ ပရိသတ်များကြည့်ချင်ပွဲအဖြစ် စိုးမိုးကျော်(တောင်ကလေး) နှင့် ပေါ့ပေါ့ပါးနဲ့ ယှဉ်ပြိုင်ကစားသွားပါတယ်။ ၂၀၂၀ ခုနှစ်ဆိုးကြီးအကြောင်း ပြန်ပြောင်းပြောရင် ကုန်နိုင်ဖွယ်မဟုတ်သလို စားမြုံ့ပြန်နေဖို့လည်း အာသီသမရှိတော့ပါဘူး။ နှစ်ဟောင်းတွေလွန်မြောက် နှစ်သစ်ရောက်တိုင်း အသစ်အသစ်သော မျှော်လင့်ချက်ကောင်းများဖြင့်သာ ရှင်သန်နေထိုင်ကြပါစို့ ပရိသတ်တို့ရေ။ အခုတော့ ရဲသွေးနီခေါင်ပွဲအဖြစ် ကစားခဲ့တဲ့ တောင်ကလေး(ဖလုံပညာတဝါ့) ရဲ့ နှစ်သစ်ကူးမြေဝိုင်းပွဲကို အားပေးပါ