Featured Video Play Icon

သတ္တိရေးတဲ့ “သွေး” (Saw War Lu Vs Thar Dane)

သွေးလမ်းပေါ်က ခပ်ကြမ်းကြမ်းတပွဲ ပြန်ကြည့်ကြရအောင်ပါ။ အလုံးအထည်နှင့်ဒေါင်အရပ် သင့်မျှတဲ့လူငယ်နှစ်ဦးရဲ့ ကြုံကြိုက်ပွဲဟာ အေးဆေးမနေခဲ့ဘူး။ သွေးရဲရဲသံရဲရဲကြားမှာ “အသဲကောင်းမှပွဲတောင်း” ဆိုတဲ့စကားကို ပေါ်လွင်စေသူတွေ ဖြစ်ကြပါတယ်။ ဖိုးရာဇာကလပ်ကတော့ သတ်လုံးသတ်ကွက်အလှနှင့်အတူ သားဒိန်းဆိုသူ လူငယ်တယောက်ကို မွေးထုတ်နိုင်ခဲ့ပါတယ်။ ဇွဲကပင်မြေကလပ်မှာလည်း သမ္ဘာနှင့်ဝါ မတိမ်းမယိမ်းဆိုရမယ့် စောဝါလုရှိနေတဲ့အခါကြည့်ကောင်းတဲ့အတွဲတတွဲအဖြစ် ကော့ချကျေးရွာ လမိုင်းမြို့နယ်ထဲမှာ ဒီပွဲ။ မိုးထဲရေထဲ ချွေးနှင့်သွေးနဲ့ မြင်ကွင်းတွေက စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါပြီ။ သားဒိန်းရဲ့ နာမည်ကျော် ဘယ်ညာတံတောင်တွေကြား ခေါင်းတိုးပြီး ဆိုင်ထိုးပြိုင်တိုက်ဗျူဟာခင်းသူက စောဝါလုဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ အဝင်အထွက် အတက်အဆုတ် ချိန်ဆလေ့ရှိပေမယ့် ဒီပွဲကတော့ သူတင်းကိုယ်တင်း ပွဲစကတည်းက ဝုန်းကြတာ မရပ်တော့ပါဘူး။ သားဒိန်းရဲ့တံတောင်မိုင်းကွင်းထဲ အတင်းဝင်ဆိုင်ထိုး ခေါင်းတိုက်ဖို့ကြိုးစားတဲ့ စောဝါလုကို သားဒိန်းကထပ်ပြီး ဗလာဒူးအစုံတိုက်ထည့်နေပါပြီ။ အတွင်းခတ်အပြင်ခတ် အပေါ်ခတ်အောက်ရိုက်နဲ့ ဘာသတ်ညာသတ်မှမကျန်ပါဘူး။ ပထမအချီမှာကတည်းက ပရိသတ်ကို မျက်တောင်မခတ်နဲ့ပြောရင်း ခုံဒိုင်တွေ နာရီကြည့်ဖို့မေ့ခဲ့ရအောင် ကောင်းတဲ့ပွဲပါ။ မွန်ပြည်နယ်ပရိသတ်တွေဟာ သူတို့ဓာတ်ကျရာ မောင်တဦးဦးကို အားပေးတိုက်တွန်းသံတွေနဲ့ သွေးလျှံခဲ့တဲ့ပွဲက ကြည့်ဖို့ အသင့်ဆုံးပါပဲ။ ရှဲပါ မြန်မာ့သတ္တိ ကမ္ဘာကသိသင့်ပါတယ်။