Featured Video Play Icon

လှုပ်ရှားရှင်သန်ဆဲ STL

ရန်ကုန်မြို့ ကမ္ဘာအေးမှာတည်ရှိတဲ့ STL ရိုးရာလက်ဝှေ့ကလပ်ကို မြန်မာ့လက်ဝှေ့ကျော်ဟောင်းတဦးဖြစ်သူ ဆရာစောသဲလေးက ဦးဆောင်ပါတယ်။ စောသဲလေးဟာ KLN နှင့် T&T စတဲ့ရိုးရာလက်ဝှေ့ကလပ်များမှာ နှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခုတော့ STL ကလပ်ကိုဦးဆောင်လာနိုင်ခြင်းဟာ 2008 ခုနှစ်ကတည်းက ဖြစ်ပါတယ်။ 2019 ခုနှစ်မှာတော့ တပည့်ဖြစ်သူ ထွန်းနိုင်ဦးကို ရွှေခါးပတ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့ပါတယ်။ အဆုတ်ရောင်ကပ်ရောဂါကြောင့် အခြားလက်ဝှေ့လောကသားများနည်းတူ ရည်ရွယ်ချက်ပန်းတိုင်များ ဝေဝါးနေသော်လည်း STL ကတော့ပုံမှန်အတိုင်း လည်ပတ်လှုပ်ရှားနေဆဲပါ။ အဝေးမှာနေကြတဲ့ တပည့်ဖြစ်သူတွေကော ကလပ်ကိုပုံမှန်လာရောက်လေ့ကျင့်တဲ့ တပည့်တွေကိုပါ စိတ်ဓာတ်မကျဖို့ ဆရာစောသဲလေးက တိုက်တွန်းပါတယ်။ ဆက်လက်ပြီး STL ကလပ်မှ မဟူရာနှင့် ကြယ်စင်မေ စတဲ့ရိုးရာလက်ဝှေ့ကစားသမားများက သူတို့ရဲ့ အမြင်နှင့်ယုံကြည်မှုများကို မျှဝေပြောပြခဲ့ပါတယ်။ ပွဲအသစ်များဝေးနေချိန်မှာ ရိုးရာလက်ဝှေ့သတင်းများ မပြတ်လပ်ဖို့ ကြိုးစား တင်ဆက်ထားပါတယ်။