Featured Video Play Icon

ပဲခူးရိုးမ အနောက်ခြမ်းက ရိုးရာကျား(Tauk Shar-Team PT)

MMA လောကထဲကို ခြေချဖို့ကြိုးကုတ် လေ့ကျင့်နေတဲ့ တောက်ရှားဟာ ပွဲသက်နုသေးပေမယ့် ရည်မှန်းချက်ရင့်နေပြီဆိုတာ သေချာပါတယ်။ Lethwei in Japan 9 ပွဲစဉ်အတွက် ဂျပန်နိုင်ငံထိ ခြေချတိုက်ပွဲဝင်ခဲ့သူဟာ တချိန်က AMT-2 ကလပ်မှ တောက်ရှားဆိုတဲ့ ဒီလူငယ်လေးပါပဲ။ အခုတော့ Team PT အသင်းမှာ လက်ဝှေ့ပွဲကော MMA ပွဲပါ ရရာတိုက်ခိုက်ရေး အခွင့်အလမ်းတွေကို အသုံးချဖို့ စောင့်နေပါပြီ။ ထိုင်းနိုင်ငံ Super Champ မွေထိုင်းပွဲကို နှစ်ကြိမ်သွားရောက်ခဲ့ပါပြီ။ မဲဆော့ပ်-မြဝတီနယ်စပ်မှာ ကျင်းပတဲ့ Siam Kard Chuek (ကြိုးစည်းထိုင်းရိုးရာ) ကိုလည်း အလဲထိုးနဲ့ အနိုင်ရဖူးသူ ဖြစ်ပါတယ်။ သူပြောပြတဲ့ သူ့စိတ်ကူး ရည်မှန်းချက်တွေကို လက်ဝှေ့ပရိသတ်အတွက် ကြိုးစားတင်ဆက်ပါ့မယ်။ ကြိုးဝိုင်းမရှောင် သံဇကာမရွေး တိုက်ခိုက်ရေးမှာ အတန်းတူရင် သူပဲ ဗိုလ်ဖြစ်ချင်တဲ့ သူ့အကြောင်းကို ပြောပြပါ့မယ်။