မင်းထက်ကျော်လို တိုက်ဂါးကျားရင့်ကြီးတကောင်ရဲ့ခြေခတ်အား လက်သီးတံတောင်အစုံအလင်ကို ထင်သာမြင်သာစွာ ခေါင်းငုံ့ခံပြသွားတာကိုကြည့်ရင် ဇေယျာထွန်းရဲ့ မာဂုဏ်က သထုံသားပီသပါရဲ့လို့ ဆိုရမလိုပါ။ ထိုးပြီးတိုင်းနယ်ကျွံပြီးကျန်ရစ်တဲ့ ခေါင်းတလုံးကို သိမ်းရမှန်းရှောင်ရမှန်း မစဉ်းစားအားသည်ထိအလဲထိုးချင်စိတ်က ဇေယျာထွန်းမှာ ပူးကပ်လို့နေပါတယ်။ မင်းထက်ကျော်ရဲ့ စောင့်ရိုက်သမျှ ထိုးသမျှလက်သီးတံတောင်ချိန်သားကိုက်တွေဟာ ငယ်သူဇေယျာထွန်းရဲ့ ရှေ့မှာတဖြုတ်ဖြုတ်သက်လုံကျသွားဖို့ပဲ ဖြစ်လာပါတယ်။ အလိုက်သိတဲ့သဲအိတ်တလုံးလို ခေါင်းငုံ့ခံပြခဲ့တဲ့ ဇေယျာထွန်းကို နာကျင်အောင် မလုပ်နိုင်ခဲ့လေတော့ မင်းထက်ကျော်တယောက် သဘောပေါက်ခဲ့ရတာ ဇရာနှင့်ပါဝါအကြောင်းပါပဲ။ ထိချက်ပေါင်းများစွာကို စွမ်းဆောင်ပြအပြီးမှာ မင်းထက်ကျော်ရဲ့ အရှုံးပေးစိတ်လျှော့ခြင်းဟာ မှန်တယ်လို့ပဲ ဆိုရတော့မှာပါ
