Featured Video Play Icon

အလဲထိုးပွဲတွေနဲ့ပြန်လာတဲ့ရွှေ

ဖျံသွေးနှင့်စိုးလင်းဦးကြောင့် နှစ်ပွဲဆက် ရှုံးပွဲကြုံခဲ့တဲ့သူဟာ အလဲထိုးရန်ခက်ခဲတဲ့ ဒေါင်ဒေါင်မြည်မွေထိုင်းကို အလွယ်တကူအလဲထိုးပြခဲ့ပါတယ်။ နယ်ခံကျားပီပီ လူပင်လယ်တမျှ ပရိသတ်ထုကြီးရဲ့ရှေ့မှောက်မှာ အားရပါးရအောင်ပွဲခံခဲ့ပုံဟာ ခုဆိုတော့လည်း တချိန်ကအရှုံးပြလွယ်တဲ့သူဟာ သူမဟုတ်သလိုပါပဲ။ ဒေးနပ်ခွန်း(ခ)ဘွန်ပလာတယောက် အရှုံးနဲ့ထိုက်တန်ရလောက်အောင် သူဘာတွေလုပ်နိုင်ခဲ့တာလဲ။ ဘယ်လိုခွန်အားသုံးခဲ့သလဲ။ အနီးကပ်အရည်အသွေးနဲ့ သောင်ပြင်ပွဲတပွဲကို ပြန်လည်တင်ဆက်ထားပါတယ်။ ဆက်တိုက်ဆိုသလို နိုင်ပွဲဆက်သွားခဲ့တဲ့ ရွှေရာမာဉ်တယောက်အတွက် ဒီပွဲက တဖန်ထွန်းတောက်မယ့် ရွှေရောင်အနာဂါတ်အစလား။ စောင့်ကြည့်ရတော့မှာ။