35Yangon

Monday, 27 March 2023

Headlines
  • ပရိသတ်နှင့် WLC ရဲ့ အကောင်းဆုံးများ (2020 World Lethwei Awards) - ဇန္နဝါရီလ ၂၉ ရက်နေ့ ည (၉)နာရီအချိန်မှာ ပေးအပ်ဂုဏ်ပြုမယ့် အစီအစဉ်ကို Canal+ ကထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ ပရိသတ်ဗုတ်တင်းများနှင့်ရွေးတဲ့ဆု (၁၁) အဆုအပြင် WLC ကပေးအပ်တဲ့ ဂုဏ်ပြုဆု (၆)ဆုလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်နေပါတယ်။ ဒီဆုများအတွက် ဘယ်သူက Winner အသီးသီးဖြစ်မလဲဆိုတာ မသိခင် ပဏာမရွေးချယ်ခံထားရသူများကို တင်ဆက်ဖော်ထုတ်ပေးလိုက်ပါတယ်။ WLC ရဲ့ပွဲကြီးပွဲကောင်း (၃)ပွဲအတွင်းမှ အကောင်းဆုံး အခိုက်အတန့်များကို ပြန်လည်ခံစားလိုက်ဖို့ သင့်ပါတယ်။ လက်ဝှေ့ဂန္ထဝင်ဆုကိုရော ဘယ်သူက ဆွတ်ခူးရရှိသွားမလဲ သိချင်စရာပါ။ ပဏာမရွးချယ်ခံထားရသူများက တွေ့မရှောင်၊ စောငမန်း၊ ထွန်းထွန်းမင်း၊ ဝင်းထွန်း၊ စိုးမိုးဟိန်း တို့ဖြစ်ကြပါတယ်။ ဂုဏ်သိက္ခာထူးခြားမယ့် တစ်နှစ်တာတွင်း အကောင်းဆုံး လက်ဝှေ့သမားကရော ဘယ်သူဖြစ်နိုင်ပါသလဲ။ ရင်ခုန်ကြည့်ကြရအောင်ပါ။
  • လူငယ်ဘဂျမ်းကို အကဲစမ်းတဲ့ တကျော့ပြန်ရွှေခြူးအောင် (Shwe Chu Aung vs Ba Jam) - ရွှေကုက္ကိုလ်ကလာခဲ့တဲ့ ရွှေခြူးအောင်ရဲ့ တကျော့ပြန်ခရီးမှာ ဦးစွာ စောင့်ကြိုယှဉ်ပြိုင်ခဲ့ရသူကတော့ သုံးပန်လှက အားထားလူငယ် ဘဂျမ်းဖြစ်ပါတယ်။ စီနီယာရဲ့ နာမည်တလုံးနှင့် ဖိန့်လုံးလှန့်လုံး အယောင်ပြရိပ်တွေကြားမှာ ဘဂျမ်းတယောက် ပုံမှန်လက်ရည်ပျောက်ဆုံးနေခဲ့ပါတယ်။ ကြမ်းကြမ်းရမ်းရမ်းဆိုင်ထိုးတတ်သူ ရွှေခြူးအောင်ရဲ့ ဝင်တိုးအား အလဲအထပ်သတ္တိကို ဘဂျမ်းတယောက် သတိထားနေခဲ့ရတာမို့ သုံးမိနစ်နှစ်ချီပွဲက ကြည့်မဝစရာပါပဲ။ သူ့ထက်ဝါနုတဲ့ ဘဂျမ်းကို ရွှေခြူးအောင်ကတော့ အတင်းဝင်အတင်းထိုး ပြန်ထွက် သွက်သွက်လက်လက် ကစားအားလက်ကျန်ကိုပြသွားပါတယ်။ ဇန္နဝါရီလ (၂၀) ရက်၊ ဘားအံမှာကျင်းပပြုလုပ်ခဲ့တဲ့ ကရင်ပြည်နယ်လက်ဝှေ့အစည်းအရုံးဥက္ကဋ္ဌ အဖိုးမန်းခင်အောင်ရဲ့ အသက်(၇၀) ပြည့်မွေးနေ့ကတော့ ထုံးစံအတိုင်း လက်ဝှေ့သမားလေးတွေနဲ့ လုံးလုံးထွေထွေး ချစ်ချစ်ခင်ခင်ရှိခဲ့ပါတယ်။
  • စောဘဦး(မြန်မာ) နှင့် ကျုရာလင်ထောင်(ထိုင်း) จูราหลินทอง สู้ศึกพม่า - <span class="style-scope yt-formatted-string" dir="auto">ဆိုင်ထိုးပြိုင်တိုက်ဖို့ စဉ်းစားလေ့မရှိကြတဲ့ မွေထိုင်းအများစုနဲ့ဆုံလေတိုင်း စောဘဦးလိုအတင်းဝင်တိုက်ထိုးမယ့် လက်ဝှေ့သမားတွေက အားမရပါဘူး။ အလွန်အကျွံအားသွန်ထိုးတတ်သူ စောဘဦးကို ကျူလာလင်ထောင်ကလည်း အပ...
  • အကောင်းစား တက်လူသစ်များ (သွေးလင်းထက် နှင့် အောင်ထက်ဟိန်း) - ငယ်ရွယ်စဉ်ကတည်းက လက်ဝှေ့ထိုးပြီး အောင်လံမလဲ မှတ်ကျောက်တင်ခံထားပြီးမှ လက်ဝှေ့သမားဖြစ်လာသူတွေထဲမှာ ဒီလူငယ်နှစ်ဦးလည်း ပါဝင်ပါတယ်။ ဇွဲကပင်မြေကလပ်မှ အောင်လံများပိုင်ရှင် အောင်ထက်ဟိန်းတယောက် ဒီတပွဲတော့စာချုပ်စိန်ခေါ်ပွဲတွေကို တက်လှမ်းနေပြီဖြစ်သူ သွေးလင်းထက်နဲ့ဆုံကြပါပြီ ။ သွေးလင်းထက်ဟာအတန်းတူအစ်ကိုတွေကိုဖယ်ရှားတန်းတက်ဖို့စိုင်းပြင်းနေတဲ့လူငယ်တဦးပါ။ အရှေ့တိုးဖို့ပဲ လက်ဝှေ့ထိုးတယ် စာချုပ်ထားသလား ထင်မှတ်ရအောက်အောင် မာဂုဏ်အားထားသူလည်း ဖြစ်ပါတယ်။ ပေါ့ပါးသွက်လက်တဲ့ ထိုးဟန်အတက်အဆုတ်တွေနဲ့ ပါးနပ်လျင်မြန်သူ အောင်ထက်ဟိန်းကို သွေးတိုးစမ်းဖို့အခွင့်အရေးမှာ သွေးလင်းထက်က သူ့ပုံစံအတိုင်းပါပဲ။ ဒီတော့ အဆုတ်အတက်ရုတ်တရက်တွေကြားမှာ ထက်မြတ်တဲ့အမြင့်ခတ်ခြေနှင့်ဒူးတွေကို ခံပြရပါတော့မယ်။ သတ္တိနှင့်စွမ်းရည်ပြောရလောက်အောင်ပဲ အောင်ထက်ဟိန်းရဲ့ ဖျတ်လတ်မှုတွေနဲ့ နှိုင်းယှဉ်မိချိန်မှာ နှစ်ချီပွဲဟာ ကြည့်မဝစရာဖြစ်ခဲ့ပါတယ်။ ထွန်းတောက်လာမှာသေချာတဲ့ အကောင်စားတက်လူသစ်များ ဖြစ်တာသေချာပါတယ်။
  • အမျိုးသမီး လက်ဝှေ့စစ်သည် ဘယ်ရောနီးကာ - အမျိုးသမီး လက်ဝှေ့စစ်သည် ချန်ပီယံဗယ်ရိုနီကာ ============================ မိမိနှင့်မိသားစုဘဝမြင့်မားဖို့ တိုက်ခိုက်ရုန်းကန်ဖို့အရေးဝန်မလေးတဲ့သူမဟာ အသက် (၁၅)နှစ်အရွယ်ကတည်းက Boxing မယ်တယောက် ဖြစ်လာပါတယ်။ သူကတော့ မြန်မာနိုင်ငံရဲ့ အမျိုးသမီ ရိုးရာလက်ဝှေ့ချန်ပီယံလည်း ဖြစ်ခဲ့သူ “ဘယ်ရောနီးကာ” ပါ။ ၂၀၁၅ခုနစ် စင်ကာပူမှာကျင်းပခဲ့တဲ့ Sea Game ပြိုင်ပွဲကြီးမှာ မြန်မာ့လက်ရွေးစင် Boxing အားကစားမယ်တစ်ဦးဖြစ်သည်ထိ ကယန်းတိုင်းရင်းသူလေးက စွမ်းဆောင်ခဲ့ပြီးပါပြီ။ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် “ကဖု” ဆိုတဲ့ကျေးရွာလေးကနေပြီး ရန်ကုန် နေပြည်တော်မှအဆင့်ဆင့် စင်ကပူဆိုတဲ့ နိုင်ငံအထိ ဆင်းရဲပင်ပန်းမှုတွေကို ကျော်ဖြတ်သွားခဲ့တဲ့ သူမရဲ့ဇွဲသတ္တိကို ခန့်မှန်းသိနိုင်ပါလိမ့်မယ်။ နိုင်ငံတကာပြိုင်ပွဲမှာ ကြေးတံဆိပ်ဖြစ်ပေမယ့် အမိနိုင်ငံကိုဆုဗလာမပြန်ခဲ့ရဘဲ တာဝန်ကို အထိုက်အလျောက်ကျေပွန်နိုင်ခဲ့ပါပြီ။ ဒီ့နောက်မှာတော့ အမျိုးသမီးတိုက်ခိုက်ရေးသမား မရှိသလောက်ဖြစ်နေတဲ့ ရိုးရာလက်ဝှေ့လောကကို ဘယ်ရောနီးကာခြေချဖြစ်ခဲ့ပါတယ်။...
  • WORLD LETHWEI AWARDS - ဇန္နဝါရီ (၂၉) ရက်မှာ Winner အသီးသီးပေါ်ထွက်လာတော့မှာဖြစ်ပြီး မြန်မာပရိသတ်များအတွက် စိတ်ဝင်စားစရာဆုတဆုကတော့ LEGEND of the Year “ဂန္ထဝင်ကစားသမားဆု” ပဲဖြစ်ပါတယ်။ ဒီဆုကို ပရိသတ်ရဲ့ voting စနစ်ဖြင့်ရွေးချယ်ပေးအပ်တာဖြစ်ပြီး ဆန်ကာတင်လူစာရင်းကတော့ တွေ့မရှောင်၊ စောငမန်း၊ ထွန်းထွန်းမင်း၊ ဝင်းထွန်း၊ စိုးမိုးဟိန်း ဖြစ်ပါတယ်။ နောက်ထပ် ပရိသတ်စိတ်ဝင်တစား စောင့်ကြည့်ရမယ့် Winner ဆုတဆုကတော့ Myanmar Fighter of the Year ” တနှစ်တာအကောင်းဆုံး မြန်မာလက်ဝှေ့သမားဆု” ဖြစ်နေမယ်ထင်ပါတယ်။ ဒီဆုအတွက် ဆန်ကာတင်လူစာရင်း ထွက်ရှိလာတာကတော့ တူးတူး၊ စိုးလင်းဦး၊ ဖျံသွေး၊ သွေးသစ်ဝင်းလှိုင်၊ ရွှေရာမာဉ် တို့ပါပဲ။ ပရိသတ်တို့ရေ ဘယ်သူတွေက အထက်ပါဂုဏ်ပြုဆုများကို...
  • Saw Mike Yine(Myanmar) vs KaoPhoDam Sujebamekieow(Thai) - သူတပါးအထိုးအကန်ကို ခံနိုင်ရည်ရှိခြင်းသာမက ပြိုင်ဘက်ကို ထိမိအောင် ထိုးကန်တိုက်ခိုက်ရာမှာလည်း အစွမ်းအစ ပြည့်ဝစုံလင်သူတဦးဟာ စောမိုက်ရိုင်းဖြစ်ပါတယ်။ အထက်အောက်ရှိသမျှလက်နက်မျိုးစုံကို အခြေအနေပေါ် တထပ်တည်းသုံးစွဲရာမှာ ကျွမ်းကျင်မှုအရည်အချင်းကြောင်း စောမိုက်ရိုင်းရဲ့ တမူထူးခြားပုံဟာ ကျော်ကြားပါတယ်။ ဒီနေ့တော့ ပွဲကြီးများအလွမ်းပြေဖို့ စောမိုက်ရိုင်းရဲ့ မြိုင်ကြီးငူဒေသတွင်း ပွဲတပွဲကို ရှုစားပါ။
  • ပေါ့ပါးသွက်လက် လူငယ့်အစွမ်း (အောင်ကျော် နှင့် စိုးမိုးဟိန်း) - လူငယ်သွေးသစ်တွေက တော်ကြပါတယ်။ အများအားဖြင့် လူကြီးတွေက လက်သီးပွဲ လက်သီးနဲ့ထိုးမယ်ဆိုတာချည်း အော်ဟစ်နေတတ်ပေမယ့် သူတို့က အကွက်စုံလင်အောင်ကစားနိုင်စွမ်းပါတယ်။ ဒီပွဲကိုကြည့်မယ်ဆိုရင် ဘိလပ်မြေစက်ရုံရဲ့ သွေးသစ်လူငယ်ဖြစ်သလို အောင်လံရှင်လည်းဖြစ်တဲ့ အောင်ကျော်ရဲ့ လှုပ်ရှားမှုမြန်ပုံနှင့်တိကျသပ်ရပ်မှုက ချီးကျူးစရာပါ။ အဆုတ်အတက်ပေါ့ပါးလွန်းပြီး ထိချက်အရကောင်းပေမယ့် စိုးမိုးဟိန်း(အဲ့ကညော) ရဲ့ အနီးကပ်တံတောင်နှင့် အောက်ဒေါက်ရှင်းချက်တွေကို သတိထားခဲ့ရပါတယ်။ သတိထားရလောက်အောင်လည်း အဲ့ကညောလူငယ်စိုးမိုးဟိန်းရဲ့ အောက်ဒေါက်ဖြတ်ချက်များက ရိုးရင်းထိရောက်တယ်။ ဘယ်သန်ဘယ်သန်ချင်းဆုံတဲ့ လူငယ်နှစ်ချီပွဲက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ချင်စရာ တင်ဆက်လိုက်ပါတယ်။
  • တိုက်ထိုးဆိုင်ထိုး လက်သီးမိုး နှင့် စောလှမင်း (Saw Hla Min vs Letthee Moe) - ပွဲကောင်းတပွဲဖြစ်ကြောင်း “လက်သီးမိုး” ရဲ့ထိုးချက်နှင့် တံတောင်ရိုက်ချက်တွေကိုကြည့်ပြီး သိနိုင်ပါလိမ့်မယ် “စောလှမင်း ” ရဲ့ လက်သီးယဉ်ပြီးသား မျက်နှာပိတ်ခံစစ်နှင့် တန်ပြန်လက်သီး၊ ကန့်လန့်ဒူးလက်နက် တိကျမှုတွေဟာ ဘိလပ်မြေစက်ရုံသားရဲ့ အရည်အချင်းကို ပေါ်လွင်စေပါလိမ့်မယ်။ ခေါင်းငုံ့ခံတိုက် ထိုးတတ်သူ စောလှမင်းနှင့် အရှေ့ကိုပဲတိုး၍ထိုးတတ်သူ လက်သီးမိုးဆုံတဲ့အခါ ရေးမြို့နယ် လမိုင်းမြို့နယ်တွင်း ကော့ချကျေးရွာပွဲ ပရိသတ်တွေဟာ မျက်တောင်မခတ်ရတော့ပါဘူး။ ဒူးမြောက် လက်ပိတ်ကာဆို့ပြီး သထုံသားလက်သီးမိုးရဲ့ အားအင်တွေကို ယုံကြည်ချက်ကြီးစွာနဲ့ စောလှမင်းခံယူပြသွားပါတယ်။ အခုလို အနီးကပ်တိုက်ပွဲပုံစံကြောင့်လည်း စောလှမင်းရဲ့ ကန့်လန့်ဒူးနှင့် တန်ပြန်တိုက်ကွက်တွေကို လက်သီးမိုးက ကြည်ဖြူပေးရပြန်ပါတယ်။ ဘယ်သန်ချင်း ဘယ်သန်ချင်း ဆုံဆည်းခြင်းက တမူထူးခြား စွဲမက်စရာ ရိုးရာလက်ဝှေ့ပွဲတပွဲ ဖြစ်လာပါတယ်။ ပိုမိုတိကျတဲ့ စောလှမင်းရဲ့တန်ပြန်တိုက်ကွက်တွေအောက် ပြန်လည်ရောက်ရှိသွားသူက လက်သီးမိုးပါ။...
  • အကောင်းစား အသဲများ (Kyal Linn Aung vs Thapyay Nyo) - မလွဲချော်ချင်အောင် ကြည့်မက်စရာ အတွဲကြီးတတွဲပါ။ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ (၂၉) ရက်၊ ၂၀၁၉ မှာ နာမည်ကျော်တောင်ကလေးကျေးရွာ ကရင်အမျိုးသားနှစ်သစ်ကူး အထိမ်းအမှတ် လက်ဝှေ့ပွဲ။ ကရင်ပြည်နယ်ရဲ့ ထိပ်သီးများဖြစ်သလို မြန်မာပြည်ရဲ့ အကျော်အမော်ဖြစ်သော သူတို့နှစ်ဦး ဆုံ...

ပြည်ပသတင်း

[ View All ]

Ali Qaradaghy's Interview before Lethwei Event

<p>On the media day for Lethwei Fight 3 (Yangon) Ali Qaradaghy said about his martial arts background and how he studied Lethwei.</p>...

Whom Dave want to fight?

Dave's Interview after WLC9 (King Of Nine Limbs) Lethwei Fight. How he got training, how he attacked Seth Baczynski, what is Myanmar Lethwei and whom he want to fight? (2.8.2019)...

တိုခဲရှီ (သို့မဟုတ်) ထက်မြနေတဲ့ ဓါး

မြန်မာနှင့်မော်ရိုကို အသဲချင်းဇွဲချင်း

တိုက်စစ်နှင့် တန်ပြန် ဟန်ချက်မျှအောင် ကစားတတ်တဲ့ အိုမာနှင့် သွေးသစ်မောင် မ...

ဝါသနာရှင် စိန်ခေါ်ပွဲ ထိုးသတ်မည့် ဟိန်းသီဟ

ပြည်တွင်းသတင်း

[ View All ]

ရိုးရာလက်ဝှေ့(ကရင်ပြည်နယ်)တွက် ပြည်ခိုင်ဖြိုးပါတီရဲ့ ထောက်ပံ့လှူဒါန်းပွဲ

Win Sein Lethwei Fights Third day (20.1.2020)

<div class="" data-block="true" data-editor="2fa6a" data-offset-key="e2p11-0-0"> <div class="_1mf _1mj" data-offset-key="e2p11-0-0"><span data-offset-key="e2p11-0-0">Win Sein Myanmar Lethwei Fight last day (20...

Win Sein Lethwei Fights first day (18.1.2020)

Win Sein Lethwei Fights first day (18.1.2020) <div class="" data-block="true" data-editor="b869s" data-offset-key="815or-0-0"> <div class="_1mf _1mj" data-offset-key="815or-0-0"><span data-offset-key="815or-0...

နိုဝင်ဘာ(၂၄) Lethwei Fight-3 Yangon မီဒီယာမိတ်ဆက်ပွဲ

ကညောသွီ ၊ထွန်းသွင်၊တိုက်ဂါး၊ တောင်ကလေး၊ ဇာတိမာန်၊ နဂါးမာန် ၊မုဒုံသား ၊အဲ့က...

WLC လက်ဝှေ့အကယ်ဒမီ မန္တလေးတိုင်းလူရွေးပွဲ

လက်ဝှေ့သမားများ

[ View All ]

လူငယ်ဘဂျမ်းကို အကဲစမ်းတဲ့ တကျော့ပြန်ရွှေခြူးအောင် (Shwe Chu Aung vs Ba Jam)

ရွှေကုက္ကိုလ်ကလာခဲ့တဲ့ ရွှေခြူးအောင်ရဲ့ တကျော့ပြန်ခရီးမှာ ဦးစွာ စောင့်ကြိုယှ...

အကောင်းစား တက်လူသစ်များ (သွေးလင်းထက် နှင့် အောင်ထက်ဟိန်း)

ငယ်ရွယ်စဉ်ကတည်းက လက်ဝှေ့ထိုးပြီး အောင်လံမလဲ မှတ်ကျောက်တင်ခံထားပြီးမှ လက်ဝှေ့...

ပေါ့ပါးသွက်လက် လူငယ့်အစွမ်း (အောင်ကျော် နှင့် စိုးမိုးဟိန်း)

တောင်ကလေး ကရင်နှစ်သစ်ကူး ရိုးရာမြေဝိုင်းလက်ဝှေ့ပွဲ (13.1.2021)

ကမ္ဘာ့ကပ်ရောဂါရဲ့ အကျိုးဆက်တွေကတော့ ဘယ်အထိ ရှေ့ဆက်ရိုက်ခတ်နေဦးမယ်ဆိုတာ မခန့်...

လှုပ်ရှားရှင်သန်ဆဲ STL

ရန်ကုန်မြို့ ကမ္ဘာအေးမှာတည်ရှိတဲ့ STL ရိုးရာလက်ဝှေ့ကလပ်ကို မြန်မာ့လက်ဝှေ့ကျော်...

လက်ဝှေ့ပွဲ (ကရင်ပြည်နယ်) ဖြစ်မြောက်ရေး မျှော်လင့်နေသူများ

ဆောင်းပါး

[ View All ]

အမျိုးသမီး လက်ဝှေ့စစ်သည် ဘယ်ရောနီးကာ

အမျိုးသမီး လက်ဝှေ့စစ်သည် ချန်ပီယံဗယ်ရိုနီကာ ============================ မိမိနှင့်မိသားစုဘဝမြင့်မားဖို့ တိုက်ခိုက်ရုန်းကန်ဖို့အရေးဝန်မလေးတဲ့သူမဟာ အသက် (၁၅)နှစ်အရွယ်ကတည်းက Boxing မယ်တယောက် ဖြစ်လာပါတယ်။ သူကတော့ မြန်မာနိုင်ငံရဲ့ အမျိုးသမီ ရိုးရာလက်ဝှေ့ချန်ပီယံလည်း ဖြစ်ခဲ့သူ “ဘယ်ရောနီးကာ” ပါ။ ၂၀၁၅ခုနစ် စင်ကာပူမှာကျင်းပခဲ့တဲ့ Sea Game ပြိုင်ပွဲကြီးမှာ...
စာစစ်မှူးကြီးရဲ့လက်​ဝှေ့ခရီးစဥ်

စာစစ်မှူးကြီးရဲ့လက်​ဝှေ့ခရီးစဥ်

စာစစ်မှူးကြီးရဲ့လက်​ဝှေ့ခရီးစဥ် ..........................................
မိမိနှင့် WLC Battlebones အပိုင်း(၄) အဆုံးသတ်

မိမိနှင့် WLC Battlebones အပိုင်း(၄) အဆုံးသတ်

မိမိနှင့် WLC-12 အပိုင်း(၄) =================== အမျိုးသား​တွေအများစုရဲ့တိုက်ခိုက်​ရေး​ခေါင်းစဉ်အောက်မှာ အမျိုးသမီးတိုက်ခိုက်​ရေးပွဲစဉ်တွေကို ဖျတ်ကနဲ ကြည့်ရမြင်ရတာကလည်း ​ခံစားတက်ရင် အရမ်းကြွတဲ့ နတ်ဒိုးသံစဉ်တပုဒ်ကို နားဆင်မြင်ရသလိုပါပဲ။ ​ဆောရစ်မန်ဖ...
RSS
Follow by Email